Wednesday, December 21, 2016
မောင်တောနယ်စပ်တွင် ဘင်္ဂါလီဦးရေများပြားနေမှု ထိန်းညှိရန် တိုင်းရင်းသား ကျေးရွာ ခုနစ်ရွာတိုးချဲ့မည်
မောင်တောနယ်စပ်တွင် ဘင်္ဂါလီဦးရေများပြားနေမှု ထိန်းညှိရန် တိုင်းရင်းသား ကျေးရွာ ခုနစ်ရွာတိုးချဲ့မည်
7Day News Journal
၂၂၊ ဒီဇင်ဘာ၊ ၂၀၁၆
တိုင်းရင်းသားကျေး ရွာများထက် ဘင်္ဂါလီကျေးရွာ အဆမတန်များပြားနေ သည့် မောင် တောနယ်စပ်ဒေသတွင် နယ်စပ် ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး (နတလ) ကျေးရွာခုနစ်ရွာကို ယခုနှစ်အတွင်း တိုးချဲ့မည် ဖြစ်သည်။
အဆိုပါ ကျေးရွာတိုးချဲ့ခြင်း အစီအစဉ်ကို နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်စတင်ခြင်းဖြစ်သည်။
‘‘နတလ ၁၀ ရွာ တောင်းထားပါတယ်။ ပြည်ထောင်စုအဆင့်က နေ ပဏာမအဆင့် ခုနစ်ရွာကို တိုးချဲ့ဖို့ ခွင့်ပြုတယ်လို့သိရတယ်’’ ဟု မောင်တောခရိုင်အုပ်ချုပ်ရေး မှူး ဦးရဲထွဋ်က ပြောသည်။
လက်ရှိတွင် မောင်တောမြို့ နယ်၌ ကျေးရွာအုပ်စု ၁၂၀ ကျော် ရှိပြီး တိုင်းရင်းသားကျေးရွာ ၃၀ ခန့်သာရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တော ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ် စဉ်များနှင့်ပတ်သက်၍ မြေပြင် ကွင်းဆင်းလေ့လာရန် ရောက်ရှိ နေသော ပြည်တွင်း၊ ပြည်ပ သ တင်းမီဒီယာအဖွဲ့အား ဒီဇင်ဘာ ၂၁ ရက်တွင် မောင်တောခရိုင်အုပ် ချုပ်ရေးမှူး ဦးရဲထွဋ်က အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
အကာလ်မူလ် မူဂျာဟီဒင်န် အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု များခံရသည့် မောင်တောနယ်စပ်ဒေသတွင် တိုင်းရင်းသားကျေးရွာများကို ထပ်မံတိုး ချဲ့ချပေးရန် ဒေသခံတိုင်းရင်းသားများက လိုလားနေပြီး အဆိုပါကျေးရွာများ၌နေထိုင် ရန် တိုင်းရင်းသားများ လိုအပ်မည်ဖြစ် ကြောင်း မောင်တောမြို့နယ်လောင်းဒုံကျေး ရွာဒေသခံ ဦးကျော်ဝင်းက ပြောသည်။
ထို့အပြင် အသစ်ချပေးသည့် ကျေးရွာ များတွင် နေထိုင်သူများ စားဝတ် နေရေး အဆင်ပြေစေရေး အလုပ်အကိုင်အခွင့်အ လမ်းများ ဖန်တီးပေးရန် အရေးတကြီး လို အပ်ကြောင်း ဦးကျော်ဝင်းက ဆိုသည်။
မောင်တော ပဋိပက္ခဒေသခံ တုန့်ပြန်မှုအမျိုးမျိုးတွေ့ရ
မောင်တော ပဋိပက္ခဒေသခံ တုန့်ပြန်မှုအမျိုးမျိုးတွေ့ရ
21.12.2016 22:07
ထက်အောင်
ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မောင်တောမြို့နယ်တွင်းဒေသတွေကို သတင်းသမားအချို့ သွားရောက် (MOI Webportal Myanmar)
အောက်တိုဘာလဆန်းနဲ့ နိုဝင်ဘာလအတွင်း ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင်းဒေသတွေကို သတင်းသမားအချို့ သွားရောက်ခွင့်ရခဲ့ပြီး၊ ဒေသခံတွေကိုရော သက်ဆိုင်ရာတာဝန်ရှိသူတွေကိုပါ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ လက်နက်ကိုင်တွေအပေါ် စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ စွတ်စွဲချက်တွေအပေါ် ဒေသခံတွေဖက်က ပြောဆိုမှုအမျိုးမျိုးဖြစ်နေတာကြောင့် အဖြစ်အပျက်မှန်ကို သုံးသပ်ပေးဖို့ အချိန်ယူရမယ်လို့ အဲဒီမှာ ပါသွားတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။ ကိုထက်အောင်က ဆက်သွယ်မေးမြန်းထားတာပါ။
ကိုထက်အောင်။ ။သွားရောက်ခဲ့တဲ့ ခရီးစဉ်အကြောင်းလေး အကြမ်းဖျင်းလေး ပြောပြပေးပါခင်ဗျ။
ဦးစည်သူအောင်မြင့်။ ။ ပထမဦးဆုံး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်ရုံးရှိတဲ့ ကျီးကန်းပြင်စခန်းကိုပေါ့နော် အဲဒီဌာနချုပ်ကိုရောက်တယ်၊ အဲဒီဌာနချုပ်မှာ ရဲမှူးချုပ် စန်းလွင် သူကိုယ်တိုင် သတင်းမီဒီယာ သမားတွေကို ဖြေပေးပြီးတော့မှ အဓိကဖြစ်စဉ်က အဲဒီမှာဖြစ်ခဲ့တာဆိုတဲ့အခါကျတော့ အဲဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ နေရာတွေကိုလည်း သူကိုယ်တိုင်လိုက်ပြပြီးတော့မှ ဘယ်ကနေပြီးတော့မှ ၀င်လာတယ်၊ ဘယ်နေရာတွေမှာဆိုရင် ရဲတပ်ဖွဲ့ဝင်တွေကျတယ်၊ လက်နက်တိုက်က ဘယ်နားမှာ၊ ဘာအားနည်းချက်ရှိတယ်ဆိုတာတွေ အကုန်လုံး သူရှင်းပြတယ်။ အဲဒါပြီးတော့မှ ဆက်ပြီးတော့ သွားတယ်။ ၀ါးပိတ်ရွာ မီးလောင်ထားတဲ့ လူတွေရှိတဲ့နေရာတွေကိုလည်း ရောက်တယ်၊ ရွာတွေကိုလည်း ရောက်တယ်၊ ပြီးတော့မှ လူမျိုးစုံပေါင်းတဲ့ ရွာတွေကိုလည်း ရောက်တယ်။ ရွာအားလုံးပေါင်း ၃ ရွာပေါ့နော်။ ပြီးတော့မှ ငါးခူရ တိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့စခန်းပေါ့ အဲဒီစခန်းကိုလည်းရောက်တယ်၊ ငါးခူရ ရွာကိုလည်းရောက်တယ် ဒီနေ့ အကြမ်းဖျင်းကတော့ အဲဒါပါပဲ။
ကိုထက်အောင်။ ။ဒီနေ့ဆရာတို့သွားေ၇ာက်ခဲ့တဲ့အထဲမှာပေါ့နော် ဒီ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ငါးခူရနဲ့ကျီးကန်းပြင်လည်းရောက်တယ်ဆိုတော့ ဒီဒေသ ၂ ခုမှာ ရှိတဲ့ မြေပြင်အခြေအနေ လက်ရှိအနေအထားက ဘယ်လိုများရှိပါသလဲဆရာ။ဘာတွေများတွေ့ရှိခဲ့ရပါသလဲ။
ဦးစည်သူအောင်မြင့်။ ။ ကျီးကန်းပြင်ရွာဆိုရင်တော့ သူတို့ရှင်းပြချက်အရ အဲဒီမှာ ပြန်လာပြီးတော့ နေထိုင်တာမရှိဘူး အဲဒီရွာမှာ အိမ်တချို့မီးရှို့ခံထားရတာရှိတယ်။ နောက်ပြီးတော့ ရွာသားတွေက ကြောက်လို့ အမျိုးမျိုးဖြစ်မှာပေါ့နော် အဲဒီမှာ ပြန်လာတာတော့ မရှိဘူး။ အလားတူပဲ အဲဒီ ၀ါးပိတ်ရွာဆိုလည်း ဒီအတိုင်းပဲ။ ပြီးတော့မှ ငါးခူရရွာကတော့ အဲဒီသဘောမျိုးမဟုတ်ဘူး။ ငါးခူရရွာမှာတော့ ငါးခူရစခန်းအတိုက်အခိုက်ခံရပေမယ့် အဲဒီနားမှာရှိတဲ့ ငါးခူရရွာပေါ့ သူက အဲဒီ ရွာအုပ်စုလေးတွေမှာဆိုရင် ရခိုင်ရွာလေးလည်းရှိတယ်၊ ဟိန္ဒူးရွာလေးလည်းရှိတယ်၊နောက်ပြီး မွတ်ဆလင်ရွာ ဆို၇င် အကြီးကြီးပဲ။ လူဦးရေ ၉ ထောင် ၁ သောာင်းလောက်ရှိတယ်။ နောက်ပြီးတော့ ငါးခူရစခန်းကို လာပြီးတော့ ၀င်စီးတဲ့အချိန်မှာ သေသွားတဲ့ မွတ်ဆလင် ၁ ယောက်ဆိုလည်း ငါးခူရရွာထဲမှာ ၊ သူ့အိမ်တွေဘာတွေလည်း ရှိတာပေါ့နော်။ ဆိုတော့ အဲဒီ ရွာကအဖမ်းခံရတာရှိတယ်။ တချို့ဆိုရင်လည်း ကြောက်လန့်ပြီးတော့မှလည်းဖြစ်နိုင်တယ်၊ အကြမ်းဖက်မှုမှာပါပြီးတော့မှ ဖမ်းမှာလို့လည်းဖြစ်နိုင်တယ်၊ အဲဒီထွက်ပြေးသွားတာတွေကလည်း လူဦးရေ ၁၀၀၀ နီးပါးလောက်ရှိတယ်လို့ ရွာခံတွေကပြောတယ်။
ကိုထက်အောင်။ ။နောက်တခုက ဆရာတို့ လက်ရှိ သတင်းထောက်တွေသွားတာက အစိုးရအစီအမံနဲ့ သွားတယ်၊ လုံခြုံရေးအင်အားနဲ့လည်းသွားတယ် ဆိုတော့ ဆရာတို့ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့အခါမှာကော၊ ဒေသခံတွေနဲ့ မေးခွန်းတွေ မေးတဲ့အခါမှာကော လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ရပါသလားခင်ဗျ။
ဦးစည်သူအောင်မြင့်။ ။ အဲဒါကတော့ ရတယ်။ ဥပမာအားဖြင့်ဆိုရင် ရွာ ၁ ရွာကို ရောက်တဲ့အခါဆိုရင် သူတို့ လူတွေအများကြီးရှိနေတယ်။ ရှိနေတော့ သတင်းထောက်တွေကတော့ ကိုယ်ကြိုက်တဲ့လူတွေကို ဆွဲပြီးတော့ မေးတာတွေလည်း လုပ်လို့ရတယ်။ တချို့ရွာတွေမှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ ဥပမာ တပ်မတော်က မီးရှို့တယ်ဆိုပြီးတော့ စွပ်စွဲတဲ့ လူ ၂ ယောက်လောက် အဲဒါမျိုးတွေ့တယ်။
ကိုထက်အောင်။ ။ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့လေ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်နေကြသလို အဲဒီဒေသမှာ ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ခွဲခြားဆက်ဆံခံရမှုပေါ့နော် ၊ ဒါမှမဟုတ်ရင်လည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု အပိုင်းမှာကော တစုံတရာ အားနည်းမှုရှိတယ်ဆိုတာ ဆရာတို့ တွေ့ရပါသလား။
ဦးစည်သူအောင်မြင့်။ ။ ငါးခူရရွာမှာဆိုရင်ပြောပြချက်ကတော့ သူတို့ နယ်ခံတွေကိုယ်တိုင်ပါတယ်၊ ဘယ်အိမ်ကိုဆိုရင်လည်း သူတို့ လုံခြုံရေးယူလိုက်တယ်။ ယူလိုက်ပြီးတော့ ဘယ်သူ့ကိုတွေ့ချင်တယ်ဆိုရင် အဲဒီလူထွက်လာပြီးတော့ စစ်ကြောရေးလုပ်တာဆိုရင်လည်း သီးသန့် ခေါ်သွားတာတွေတော့မလုပ်ဘူး။ ဖမ်းတော့မှသာလျှင် သူတို့ ဥပဒေအတိုင်း ရဲလက်မှာ အပ်တာတွေလုပ်တယ်။ ဒီလိုမှမဟုတ်ပဲနဲ့ ရွာထဲမှာ စစ်ဆေးတာတွေ၊ ရိုက်တာတွေ မလုပ်ဘူးလို့ ခုနရွာသားတွေ ကိုယ်တိုင် အဲလိုပြောတယ်။ ဒါပေမယ့် စွပ်စွဲတဲ့ရွာကလည်းရှိတယ်။ သူတို့ ပြောတဲ့ လူတွေကလည်း တဖက်နဲ့ တဖက် မတူဘူးပေါ့နော် ပြောတာဆိုတာတွေက လေသံတွေကမတူဘူး။
ကိုထက်အောင်။ ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
ဦးစည်သူအောင်မြင့်။ ။ ဟုတ်ကဲ့ပါ။
#MyMedia
Wednesday, November 30, 2016
ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ဈေးဆိုင်များအဖျက်ခံရ
ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ဈေးဆိုင်များအဖျက်ခံရ
==========================
မန္တလေး ဒီဇင်ဘာ ၁
မြေးချစ်ညို
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ဈေးအရောင်းအဝယ်ပြုလပ်ရာမှတဆင့် စကားများရာမှနေ၍ ကိုယ်ထိလက်ရောက်ရိုက်နှက်မှုဖြစ်ရာမှတဆင့် အမည်မသိလူအုပ်စုတစ်စုရောက်ရှိလာပြီး ဟာဂျီမောင်နီပိုင်သောဆိုင်နှင့် အနီးရှိဆိုင်များကို ဝင်ရောက်ဖျက်ဆီးသည့်အမှုတစ်ခု ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်သတင်းထောက်က သတင်းပေးပို့ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာအား စစ်တပ်မှ လာရောက်ထိန်းသိမ်းထားသလို ဈေးရောင်းသူ ဟာဂျီမောင်နီ၏သားကိုလည်း ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
အမှုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ဆက်တွဲ ရရှိသည့်သတင်းများကို ဆက်လက်တင်ပြပေး သွားမည်ဖြစ်ပါသည်။
Friday Times News Journal
Monday, November 28, 2016
(Unicode Version)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပေါက်ကွဲမှုမရှိသေးသော  M-150 အချိုရည်ပုလင်းများ တွေ့ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကြွပ်ကြွပ်အိတ် အစိမ်းရောင်တစ်လုံး မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းအရ နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့သည်။
အဆိုပါနေရာအား အသေးစိတ်ရှင်းလင်းခဲ့ရာ ၎င်းကြွပ်ကြွပ်အိတ်ထဲ၌  M-150 အချိုရည် ၄ ပုလင်းအား တွေ့ရှိရပြီး ပုလင်းများအတွင်း အဝါရောင်အရည်ပျစ်ပျစ်များကို ထည့်ထားကြောင်း တွေ့ရှိရသည်။
တွေ့ရှိရမိသည့် အချိုရည်ပုလင်းများအား နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့များက စနစ်တကျ သက်မဲ့ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါနေရာနှင့် လေဆိပ်အတွင်းနေရာများတွင် အသေးစိတ် ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူလူထု ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Saturday, November 26, 2016
ရန်​ကုန်​မြို့....​ပေါက်​ကွဲမှုတွင်​....​ဖောက်​ခွဲ​ရေးပစ္စည်းအ​ကြောင်း
""IED ကိုလျှော့မတွက်နဲ့ ! "''
*****************************
(Credit-မြန်မာ့စစ်သွေး)
....ရန်ကုန်တိုင်းအတွင်းမှာမိုင်းတွေကွဲတယ်၊ကွဲတဲ့မိုင်းတွေက chemical သုံးM150အချိုရည်ပုလင်းတွေထဲမှာ..စစချင်းလက်တည့်စမ်းတဲ့သဘောနဲ့သုံးလာတာဖြစ်ပါတယ်..
...ဒါဟာအကြမ်းဖက်သမားတွေသုံးတဲ့ မိုင်းအမျိုးအစားပဲဖြစ်ပါတယ်..ဒီအမျိုးအစားကို Improvised explosive device( IED ) လို့ခေါ်ပါတယ်...
...မိုင်း ဆိုတာဟာ..ပထမကမ္ဘာစစ်ကထဲကတွင်တွင်ကျယ်ကျယ်သုံးခဲ့တာကတော့ Land Mines လို့ခေါ်တဲ့ မြေပြင်ခြေလျှင်တပ်သုံးတွေပါ၊ ဒီကတဆင့်
ဒုတိယကမ္ဘာစစ်ကိုရောက်တော့ တင့်ကားတွေတွင်ကျယ်လာတော့ တင့်ဖျက်မိုင်း တွေပါသုံးလာကြပြန်ပါတယ်..
...Land Mines တွေမှာပဲ..စစ်နည်းဗျူဟာ အလိုက်သုံးတဲ့မိုင်းပုံစံကွဲပါတယ်..
...မြေမြှုပ်မိုင်း၊ ခုန်ပျံရှပ်ကွဲမိုင်း၊ တင့်ဖျက်မိုင်း၊ ချိန်ကိုက်မိုင်း၊ အဝေးထိန်းမိုင်း၊ထောင်ချောက်မိုင်း၊ဖောက်ခွဲဖျက်ဆီးရေးမိုင်း များစသည်ဖြင့်ရှိသလို...
..ဖောက်ခွဲဖျက်ဆီးရေးနှင့်မိုင်းပညာဟာ ပရောဖက်ရှင်နယ်ဘာသာရပ်အဖြစ်ကိုထွန်းကားလာခဲ့တာဖြစ်ပါတယ်..
..အခုနည်းပညာတိုးတက်လာတဲ့ခေတ်မှာတော့.အမြှောက်ကျည်ဆံဖြင့်ကြဲချခင်းကျင်းနိုင်တဲ့မိုင်း.လေယဉ်ကနေကြဲချရတဲ့မိုင်း၊ လေယဉ်ကွင်းဖျက်မိုင်း၊ ရဟတ်ယဉ်ဖျက်ထောင်ချောက်မိုင်း စသည်ဖြင့်အမျိုးအစားများပြားစွာထပ်တိုးတီထွင်သုံးစွဲနေကြပြီဖြစ်ပါတယ်.။
...ဒါပေမည့်လည်း..အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ အပြည်ပြည်ဆိုင်ရာအကြမ်းဖက်သမားတွေ ကတော့ ဒီလို Professional ကျတဲ့ စက်ရုံထုတ်မိုင်းတွေမဟုတ်ပဲ..အခန့်မသင့်ရင်သုံးစွဲသူကိုရောဘေးဖြစ်စေတဲ့  Improvised explosive device( IED )တွေကိုသုံးစွဲလာကြပါတယ်...
...ဒီမှာတော့ ဒေသန္တ္တရလက်လုပ်မိုင်းလို့ခေါ်ပါတယ်..ဒါပေမည့် မိုင်းလို့ခေါ်ရခြင်းဟာ..ပေါက်ကွဲမှူနဲ့ဖျက်ဆီးမှူကိုဖြစ်စေတာကြောင့်ခေါ်ဆိုရပြီး IED တွေမှာ ယမ်းပြင်း၊ ယမ်းညှင်းကဲ့သို့အရာတွေအသုံးပြုပြီးဖာက်ခွဲအားတွန်းကန်အားနဲ့ဖြတ်တောက်အားတို့ကိုဖြစ်ပေါ်စေတာမဟုတ်ဘဲ ဓါတုအရည် အငွေ့ အစိုင်အခဲ
တခုခုနဲ့ လေထုနဲ့ပေါင်းစပ်ပြီး ဒါမှမဟုတ်အချင်းချင်းရောနှောစေပြီး ပေါက်ကွဲမှူကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်..
...ဒီနည်းလမ်းကိုအသုံးပြုပြီး ၂၀၁၅ခုနိုဝင်ဘာလ၁၇ရက်နေ့မှာမက်ထရိုဂျက်လေကြောင်းက အဲယားဘတ်စ်အေ ၃၂၀ လေယဉ်ကြီးကို ကိုကာကိုလာဗူးထဲမှာ
ထည့်ထားတဲ့ ဓါတုအရည်ကနေ လေထုနဲ့အချိန်ကိုက်ပေါင်းစပ်ပြီးပေါက်ကွဲစေခဲ့တာကြောင့် အီဂျစ်နိုင်ငံကောင်းကင်ယံမှာပျက်ကျခဲ့ပြီး လူ၂၂၄ ယောက်သေဆုံးခဲ့ပါတယ်..ရုရှားသမတပူတင်အနေနဲ့ ဒီဖြစ်ရပ်ကို FSB ရဲ့အစီရင်ခံစာအရ
ISISအကြမ်းဖက်သမားတွေဟာ ကိုကာကိုလာအချိုရည်ထဲမှာ IED ကိုထည့်သွင်းဖောက်ခွဲခဲ့တဲ့ သက်သေတွေတွေ့ရှိခဲ့ကြောင်းကမ္တ္ဘာကိုကြေငြာခဲ့ပြီး ဆီးရီးယားက ISIS တွေကိုသွေးကြွေးဆပ်ခဲ့တာပဲဖြစ်ပါတယ်။
...IED ကိုနည်းပညာအရဒီလိုဆိုပါတယ် An IED is a bomb fabricated in an improvised manner incorporating destructive, lethal, noxious, pyrotechnic, or incendiary chemicals and designed to destroy or incapacitate personnel or vehicles. In some cases, IEDs are used to distract, disrupt, or delay an opposing force, facilitating another type of attack. IEDs may incorporate military or commercially sourced explosives, and often combine both types, or they may otherwise be made with homemade explosives (HME).
...IED ဆိုတာဗုံးတစ်မျိုးပါ..သူ့အနေနဲ့တိုက်ရိုက်ပေါက်ကွဲတာမျိုးမဟုတ်ပဲ
လှုံ့ဆော်ပေးမည့်ကြားခံတစ်ခုနဲ့တွေ့ထိတဲ့အခါမှာပေါက်ကွဲမှူဖြစ်စေတာပါ
..ဖျက်ဆီးနိုင်စွမ်းနဲ့ ထိခိုက်နိုင်စွမ်းရှိတဲ့အရာဖြစ်ပါတယ်
...တိုက်ခိုက်မှူပေါင်းစုံပြုလုပ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်..(HME) လို့ခေါ်တဲ့
အိမ်တွင်းဖြစ်ဗုံးတစ်မျိုးလို့လည်းခေါ်ပါတယ်..
...ဒီလိုသုံးတဲ့နေရာမှာ..ကားဗုံး၊ လက်ကိုင်ဖုန်းဗုံး၊ အချိုရည်ဗုံး၊ ကစားစရာဗုံး၊
အသေခံခါးပတ်ဗုံး၊ ရေဒီယိုဗုံး၊ ၀ါယာဆားကစ်ဗုံး၊ စသည်ဖြင့် နည်းမျိုးစုံနဲ့ဆောင်ရွက်လာကြပါတယ်..
..ဒီနည်းစနစ်တွေကတော့ ISIS နဲ့တာလီဘန်အကြမ်းဖက်သမားတွေကို CIA ကသင်တန်းပေးရာကနေ..CIA တွေရဲ့နည်းတွေက အကြမ်းဖက်သမားတွေဆီကတဆင့် ကမ္တ္ဘာအနှံ့ပြန့်နှံ့လာတာပဲဖြစ်ပါတယ်...
..IED တွေကိုဘယ်လိုကကာကွယ်မလဲ.???
*************************************************
..ကာကွယ်ဖို့က..ပိုခက်ပါတယ်..ဒီလိုအချက်တွေသတိပြုရပါတယ်
၁။ M150အချိုရည်နဲ့ဖောက်ခွဲမှူတွေမှာ အစပျိုးတဲ့စနစ်ကို လေ့လာပြီး နောက်တစ်ကြိမ်မပြုအောင်ကြားခံအရာတွေကဘာတွေသုံးထားတယ်ဆိုတာလူထုကိုအသိပေးရပါလိမ့်မယ်..ကြားခံအရာတွေကိုဖော်ထုတ်ဖျက်ဆီးရပါတယ်
၂။ အများနဲ့ဆိုင်တဲ့နေရာမှာ..အရောင်ကြည်အမှိုက်ခြင်းတွေသာထားသင့်ပါတယ်..အရောင်ပိတ်အမှိုက်ခြင်းတွေထဲကIED တွေထွက်လာလေ့ရှိပါတယ်
၃။ အမြဲထောက်လှမ်းနေရပါတယ် ဥပမာ CCTV လိုစောင့်ကြည့်ကင်မရာက IED အသုံးပြုနိုင်သူရဲ့သူများနဲ့မတူတဲ့ဆောင်ရွက်နေထိုင်မှူတွေကိုမှတ်တမ်းတင်ထားပါလိမ့်မယ်။
၎။ လူတိုင်းလုံခြုံရေးသတိရှိဖို့လိုအပ်ပြီး အစွန်းရောက်လို့ မသင်္ကာသူကို သတင်းပေးခြင်းနဲ့ကူညီရပါတယ်။
၅။ လေယဉ်၊ ရထား၊ကားနှင့်ခရီးသွားသူတိုင်း မိမိခရီးစဉ်အတွင်းကသူတွေကိုသတိထားလေ့လာတတ်တဲ့အကျင့်နဲ့မိမိကိုယ်ကိုကာကွယ်တတ်တဲ့အသိရှိရပါတယ်၊ Safety Rules တွေကိုချိုးဖောက်သူများကိုလည်း တာဝန်ရှိသူကိုတိုင်ကြားရပါတယ်(ဥပမာ-လေယဉ်မဆင်းသေးဘူးအိမ်ကိုဖုန်းခေါ်နေတဲ့လူယုတ်မာမျိုးတွေ)
၆။ အစိုးရအနေနဲ့တော့ သတင်းတွေကိုစုဆောင်းထောက်လှမ်း ဖော်ထုတ်ခြင်းနဲ့ IED တွေဘယ်ကလာနိုင်သလဲဆိုတဲ့ဇစ်မြစ်တွေကိုရှင်းရမှာပဲဖြစ်ပါတယ်.
(မသိချင်ယောင်ဆောင်နေရင်တော့မတတ်နိုင်ပါ)
၇။မိုင်းပေါက်ကွဲသည့်နေရာကိုလုံးဝမသွားပါနှင့် အနဲဆုံးကိုက်၅၀၀ခန့်အထိရောက်အောင်ရှောင်တိမ်းပါနောက်ထပ်မိုင်းများရှိလာနိုင်သည်။
...ပြည်သူကိုတကယ်လုံခြုံမှူပေးနိုင်တဲ့အစိုးရဖြစ်ဖို့..ပြည်သူတွေကလည်းဝိုင်းကူညီပြီး IED တွေသုံးလာတော့မည့်အကြမ်းဖက်သမားတွေကိုဖော်ထုတ်နိုင်ကြပါစေလို့..ဆုတောင်းလိုက်ရပါတယ်ဗျာ..
Moe Kyaw (or) Sit Thwe (26-11-2016)
Copy@sanmin
Friday, November 25, 2016
မိန်းမက..​လင်​ဖြစ်​သူငယ်​ပါက..ဆွဲပြီး...​ဘောင်​ဘီရှည်​ဖြင့်​လည်​ပင်​..ရစ်​ရ်ျ​...လင်​ဖြစ်​သူ​သေဆုံးမှုဖြစ်​ပွား
နိုဝင်္ဘာ၂၃ရက်ည၁၀နာရီခန့်
ဘုရားသုံးဆူမြို့ ရပ်ကွက်(၂)မှာ  ဇနီးမယားကို မူးပြီးယစ်ကာ လက်သီးနှင့်ထိုးသဖြင့်
မိန်းမက ငယ်ပါကိုဆွဲ လည်ပင်းကို ဘောင်းဘီရှည်နှင့်ရစ်ပတ်ထားလိုက်ရာက လင်ကသေ။ဇနီးမယားက တရားခံ ။သုံးဆူရဲစခန်း(ပ)၂၇/၂၀၁၆ပုဒ်မ ၃၀၂။
သေဆုံးသူ #မောင်အေးချမ်း ၂၄နှစ်။
ဇနီး #မအေးအေး ၂၂နှစ်။
ဘယ်လိုမှ နာမည်နှင့်လိုက်အောင် မအေးမချမ်းကြပါလား။
ဝဋ်ကြွေးတွေလို့ပြောရမလား
အရွယ်ငယ်ကာ အသိမကြွယ်ခြင်းလား
လင်နှင့်မယားသည်းခံတရားနည်းပါးသွားက   ဒေါသကြောင့်မောဟဖုံးကာ ဖြစ်ရ ရှာသည်
မောင်​နန္ဒ.(မြစ်​ကြီးနား)
Wednesday, November 23, 2016
ဧပြီလ ထွက် ကြံသည် အဆိပ်ရှိသော မြွေထက်ပင် ပိုကြောက်ဖို့ကောင်း
ဧပြီလ ထွက် ကြံသည် အဆိပ်ရှိသော မြွေထက်ပင် ပိုကြောက်ဖို့ကောင်း
-----------------------------------
ကြံသည်အာဟာရဓာတ်ကြွယ်ဝခြင်း၊ အရည်ဓာတ်များပြားပြီး ချိုခြင်းများကြောင့် လူအများ ကြိုက်နှစ်သက်ကြပါသည်။
ရာသီဥတုပူပြင်းလာသည်နှင့်အတူ ကြံများသည်လည်း အလွယ်တကူ မှိုတက်လာတတ်ပြီး မှိုတက်နေသော ကြံသည်အနီရောင်အဖြစ်သို့ပြောင်းလဲသွားတတ်သည်။
မှိုတက်နေသောကြံသည် 3-Nitro Propionic acid အဖြစ် ပြောင်းလဲသွားပြီး အဆိုပါအက်ဆစ် ဓာတ်သည် အာရုံကြောအဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေပါသည်။ အဆိပ်ပြင်းအား (၀.၅) ဂရမ် အောက်သည်ပင်လျှင် လူတစ်ဦးအား အဆိပ်သင့် လက္ခဏာကို ဖြစ်ပေါ်စေနိုင်ပါသည်။ အဆိပ်သင့်မှု မပြင်းထန်ပါက အစာခြေအူလမ်းကြောင်းတွင် တစ်နာရီခန့် ပုံမှန်မဟုတ် ကမောက်က မဖြစ်ခြင်းများ ဖြစ်ပွားတတ်ပြီး အဆိပ်ပြင်းထန်ပါက အော့အန်မှုဖြစ်ခြင်း၊ ကြွက်တက်ခြင်းများ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် အသက်ရှုကျပ်ပြီး သေဆုံးသည်အထိ ဖြစ်ပွား နိုင်ပါသည်။ ကံကောင်း၍ အသက်ရှင်လာခဲ့ပါကလည်း ပြင်းထန်အဆိပ်ကြောင့် အာရုံကြောဆိုင်ရာ နောက် ဆက်တွဲ ရောဂါများ ကျန်ရှိတတ်ပါသည်။ ထို့ကြောင့် 'ဧပြီလထွက် ကြံသည် မြွေဆိပ်ထက်ပင် ပို၍ကြောက်ဖို့ကောင်းပါသည်။'
ကြံများဝယ်ယူရာတွင် ကြံ၏ အလယ်ဗဟိုအတွင်းနှင့်အခွံများကို ဂရုစိုက်ကြည့်၍ ဝယ်ရ မည်ဖြစ်ပြီး အကယ်၍ အတွင်းဗဟိုသည် အနီရောင် သို့မဟုတ် အစိမ်းရင့်ရောင်၊ နီဝါရောင် အစက် များ ဖြစ်ပေါ်နေလျှင် အရသာ ပြောင်းလဲ နေပြီဖြစ်ပြီး စားသုံး၍မရတော့ပါ။ လမ်းပေါ်တွင်ရောင်း သော ကြံရည်များကို သတိဖြင့် ဂရုတစိုက် ၀ယ်ယူသောက်သုံးရမည် ဖြစ်ပါသည်။ထို့ကြောင့် ကြံရည်တွင် အနီစက်ပါသော မှိုတက်ကြံများ ဟုတ်မဟုတ် အတိအကျမပြောနိုင်ပါ။ ကြံရည်ကို တတ်နိုင်သမျှ လျှော့သောက်ကြရန်သာ အကြံပြုလိုပါသည်။
Credit - ပြောချင်လွန်းလို့
Copyright @ 2013 Gold News.