Saturday, November 12, 2016

မောင်တောတွင် တပ်ရင်းမှူးတစ်ဦး ထပ်မံကျဆုံး

ိုဝင်ဘာ ၁၂၊ မောင်တော

မောင်တောမြို့နယ်အတွင်း ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အမှတ် ၃၄၅ ခြေမြန်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ ကျဆုံးခဲ့ကြောင်း ခမရ ၃၄၅ တပ်ရင်းမှ တပ်မတော်အရာရှိတစ်ဦးမှ အတည်ပြု ပြောကြားသည်။

ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကြောင်း စစ်ကူသွားရောက်စဉ် ဂွဆုံကျေးရွာနှင့် သရက်ပြင်ကျေးရွာကြားတွင် သေနတ်ဒဏ်ရာ ရရှိပြီး ညနေ ၅း၃၀ အချိန်တွင် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။

“စစ်ကူလိုက်တဲ့အချိန်မှာ အကြမ်းဖက် ဘင်္ဂလီတွေက ချောင်းမြောင်းပစ်ခတ်လို့ တပ်ရင်းမှူး လည်ပင်းမှာထိပြီး ဒဏ်ရာရှိခဲ့တာ၊ ရဟတ်ယာဉ်နဲ့ ဆေးရုံကို သယ်ယူပေမဲ့ ညနေပိုင်းမှာ သေဆုံးသွားခဲ့တယ်” ဟု မောင်တောဒေသအတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အရာရှိကြီးတစ်ဦးမှ ပြောကြားသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်အာရုဏ်ပိုင်းမှ စတင်ပြီး ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဘင်္ဂလီများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး အပါအဝင် ၂ ဦး သေဆုံးခဲ့ရပြီး၊ အနည်းဆုံး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်သည့် နေရာများကို တပ်မတော်လေမှလည်း လေယာဉ်များ အသုံးပြုပြီး ချေမှုန်းတိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက်သမားများလည်း သေဆုံးဖွယ်ရှိကြောင်း ယင်းနေရာတွင် တိုက်ပွဲဝင်နေသည့် တပ်မတော် အရာရှိတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ဖိုးသီဟ

(ပုံစာ - ကျဆုံးခဲ့သည့် တပ်ရင်းမှူးအား တပ်မတော် ရဟတ်ယာဉ်များဖြင့် ဆေးကုသရန် သယ်ယူလာစဉ်)

Zin Min

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 Gold News.