Saturday, November 12, 2016

မောင်တောမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ စစ်ကြောင်းမှူးအပါအ၀င် နှစ်ဦးကျဆုံးခဲ့ပြီး အရာရှိစစ်သည်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်

မောင်တောမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မယင်းတောင်၊ ပွင့်ဖြူ ချောင်းနှင့် ဂွဆုံကျေးရွာအနီးတို့တွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရဟတ်ယာဉ် နှစ်စင်းဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ရကြောင်းနှင့် တပ်မတော်ဘက်မှ စစ်ကြောင်းမှူး အပါအ၀င်နှစ်ဦးကျ ဆုံးခဲ့ပြီး အရာရှိစစ်သည်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက မောင်တောမြို့နယ် မယင်းတောင်ကျေးရွာအနီးသို့ အရောက် လက်နက်ငယ်နှင့် ဓား၊ လှံ၊ မှိန်းများ ကိုယ်စီ ကိုင်ဆောင်ထားသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ စုစုပေါင်း ၆၀ ခန့်နှင့် ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကြောင်းမှ ပြန်လည်ပတ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် ကျေးရွာ၏ အနောက်တောင်ဘက် ဂွဆုံကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများထံမှ အောက်တိုဘာ ၉ ရက် ကျီးကန်းပြင်နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် မှ ယူဆောင်သွားသည့် ဘီအေ ၉၄ သေနတ် တစ်လက်နှင့် ဆက်စပ်ခဲ ယမ်းပစ္စည်းများနှင့် အတူ အလောင်း ခြောက်လောင်းရရှိခဲ့ပြီး စစ်သည်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကာ အရာရှိ၊ စစ်သည်အချို့ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါစစ်ကြောင်းမှ ဆက်လက်ရှင်းလင်းရာ ပွင့်ဖြူချောင်းကျေးရွာသို့ အရောက် ကျေးရွာအတွင်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် တပ်မတော်စစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက ပွင့်ဖြူချောင်းကျေးရွာအား မီးရှို့၍ ဂွဆုံကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ ပွင့်ဖြူကျေးရွာအတွင်းမှ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူဟု ယူဆရသော ဘင်္ဂါလီအမျိုးသား ၃၆ ဦးအား ဖမ်းဆီးရရှိခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်သို့ ပို့ ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဂွဆုံကျေးရွာသို့ ဆုတ်ခွာသွားသော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများအား ပိတ်ဆို့ရှင်းလင်းရန် အခြားတပ်မတော်စစ်ကြောင်း တစ်ကြောင်းမှ ချီတက်ရှင်းလင်းရာ ဂွဆုံကျေးရွာအနီး နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် လက်နက်နှင့် ဓား၊ လှံ၊ မှိန်းများ ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ခန့်မှန်းအင်အား ၅၀၀ ခန့်တို့မှ တပ်မတော်စစ်ကြောင်းအား စတင်၍ ၀ိုင်းဝန်းပစ်ခတ် တိုက်ခိုက်ရာ တပ်မတော်စစ်ကြောင်းက အဖွဲ့ခွဲ၍ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အင်အား များပြားမှုကြောင့် တပ်မတော်(လေ)မှ အမ်အိုင်-၂ ရဟတ်ယာဉ်နှစ်စင်းဖြင့် အဆိုပါ နေ့ညနေပိုင်းအထိ ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ဂွဆုံကျေးရွာအတွင်းသို့ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။ ကျေးရွာအတွင်းသို့ ဆုတ်ခွာသွားသော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများနောက်သို့ တပ်မတော်စစ်ကြောင်းများက ဆက်လက်ဝိုင်းပတ် ပိတ်ဆို့ရှင်းလင်း လျက်ရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် တပ်မတော်မှ စစ်ကြောင်းမှူးတစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများသည် ၀င်ရောက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ က အဆိုပါနယ်မြေများအတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ခိုအောင်းနေထိုင်မှု မရှိစေရေးနှင့် နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Zin Min

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 Gold News.